Sunday, November 30, 2014

မြန်မာနိုင်ငံကလေးသူငယ်များအခွင့်အရေးဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်


မြန်မာနိုင်ငံကလေးသူငယ်များအခွင့်အရေးဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်၏ ကမ္ဘာ့ကလေးများအခွင့်အရေးနေ့တွင် ကလေးအဆိုတော် မေသက်ထားဆွေ၊ အက်စတာဒွေး၊ အယ်နီရှိုင်းစသော အဆိုတော်လေးများ  ဖျော်ဖြေကြစဉ်

Friday, November 28, 2014

ကမ္ဘာ့ကလေးသူငယ်များအခွင့်အရေးနေ့ တွင် မာဂဓီ-သာစည် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၏ ကလေးသူငယ်များ၏ပူးပေါင်းပါဝင်မှု













ကမ္ဘာ့ကလေးသူငယ်များအခွင့်အရေးနေ့ တွင် မာဂဓီ-သာစည် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၏ ကလေးသူငယ်များ၏ပူးပေါင်းပါဝင်မှု

ကမ္ဘာ့ကလေးသူငယ်များအခွင့်အရေးနေ့အခမ်းအနား

၂၀.၁၁.၂၀၁၄ နေ့က ရန်ကုန်မြို့ အမျိုးသားကဇာတ်ကြီး၌ကျင်းပခဲ့သော
မြန်မာနိုင်ငံကလေးသူငယ်များအခွင့်အရေးဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်၏ ၂၀၁၄ ခုနှစ် ကမ္ဘာ့ကလေးသူငယ်များအခွင့်အရေးနေ့အခမ်းအနားသို့ ဆရာတော် အရှင်နေမိန္ဒ
တက်ရောက်အားပေးစဉ်

Friday, October 17, 2014

၁၀၈ ရပ်ကွက်က မောင်မင်းသီဟ နာရေး သွားရောက်ကူညီမှုလေးပါ။




မာဂဓီ-သာစည် ဘက အဘိဓမ္မာအခါတော်ပွဲ ပါဝင်ဆင်နွှဲ

ရန်ကုန်မြို့၌ သီတင်းကျွတ် လပြည့် အဘိဓမ္မာ အခါတော်နေ့ မီးမြင်းမိုရ် တာဝတိံပွဲ ခြိမ့်ခြိမ့်သဲ ဆင်နွှဲ

ရန်ကုန်မြို့၌ သီတင်းကျွတ် လပြည့် အဘိဓမ္မာ အခါတော်နေ့ မီးမြင်းမိုရ် တာဝတိံပွဲ ခြိမ့်ခြိမ့်သဲ ဆင်နွှဲ
ရန်ကုန် အောက်တိုဘာ ၈
ဝါလကင်းလွတ်သည့် သီတင်းကျွတ် လပြည့်နေ့သည် မြန်မာတို့၏ ဗုဒ္ဓဘာသာ အနှစ်သာရ၊ ယဉ်ကျေးမှု အနှစ်သာရတို့ဖြင့် ထုံမွမ်းကာ မီးမြင်းမိုရ်ပွဲခေါ် တာဝတိံပွဲ၊ ပဝါရဏာပွဲ၊ သီတင်းကျွတ်ပွဲ၊ မိဘဆရာနှင့် အသက်ဂုဏ်ဝါ ကြီးမြင့်သူတို့အား ပူဇော်ပွဲ၊ အဘိဓမ္မာ အခါတော်ပွဲ စသည်တို့ကို ဆင်ယင်ကျင်းပသော နေ့ထူးနေ့မြတ် ဖြစ်သည်။
မြတ်စွာဘုရားရှင်သည် တာဝတိံသာ နတ်ပြည်၌ ဝါတွင်းသုံးလ ကာလပတ်လုံး အဘိဓမ္မာ ဒေသနာတော်ကို အကျယ်နည်းဖြင့် မိန့်မြွက်တော်မူခြင်း ပြီးဆုံး၍ လူ့ပြည် သင်္ကဿမြို့သို့ နတ်ဗြဟ္မာ ပရိသတ်များ ခြံရံကာ ပြန်လည်ဆင်းသက် ကြွမြန်းတော် မူသဖြင့် လူပရိသတ်တို့က ကြိုဆိုဖူးမြော်ခြင်းကို အကြောင်းပြုကာ ရှေးအစဉ်အဆက်မှ ယနေ့ထက်တိုင် ဆီမီးရောင်စုံတို့ဖြင့် ထွန်းညှိပူဇော်ကာ မီးထွန်းပွဲတော်ကို ဗုဒ္ဓဘာသာ ဓလေ့ထုံးတမ်း အစဉ်အလာနှင့် အညီ ကျင်းပလာခဲ့ကြခြင်း ဖြစ်သည်။
ယခုနှစ် မြန်မာသက္ကရာဇ် ၁၃၇၆ ခုနှစ် သီတင်းကျွတ် လပြည့် အခါသမယတွင် ဆီမီးရောင်စုံတို့ဖြင့် ထွန်းညှိပူဇော်သော မီးထွန်းပွဲတော်၊ အဘိဓမ္မာ ဒေသနာတော်ကြီးကို အထူးပြု၍ ရွတ်ဆိုပူဇော်သော အဘိဓမ္မာအခါတော်နေ့ ပွဲတော်၊ သံဃာတော်တို့၏ ဝါကျွတ်ပဝါရဏာ ပွဲတော်၊ မိဘဆရာနှင့် သီလသမာဓိ ပညာမြင့်မားသူများ၊ အသက်အရွယ် ကြီးမြင့်သူများအား ပူဇော် ကန်တော့သည့် ပွဲတော် တို့ကို ရန်ကုန်မြို့၌ ခြိမ့်ခြိမ့်သဲသဲ ဆင်ယင် ကျင်းပကြသည်။
ရွှေတိဂုံစေတီတော် ဂေါပက အဖွဲ့က ကြီးမှူး၍ ၁၃၇၆ ခုနှစ် သီတင်းကျွတ် မီးထွန်းပွဲတော် စေတီတော်များအား ဆီမီးစေတီ လှည့်လည် ပူဇော်ပွဲနှင့် သီတင်းကျွတ် လပြည့် အဘိဓမ္မာ အခါတော်နေ့ အခမ်းအနားများကို ယမန်နေ့မှ စတင်၍ ကျင်းပခဲ့ရာ ညနေ(၅)နာရီခွဲတွင် ဆီမီးစေတီ (၅)ဆူနှင့် ရောင်စုံမီးများ ကိုင်ဆောင်ကာ စေတီတော်အား လက်ယာရစ် လှည့်လည် ပူဇော်ကြပြီး ဆီမီးစေတီများနှင့် ရောင်စုံမီးများကို ရင်ပြင်တော် ရာဟုထောင့် အောင်မြေ၌ နေရာယူ ပူဇော် ကြသည်။ထို့နောက် ပုတက်ကာတွန်းမှ စီစဉ်သော သာမညဖလ အခါတော်နေ့ ဓမ္မရုပ်စုံပြပွဲ ဖွင့်ပွဲ ကျင်းပသည်။
ယနေ့နံနက်(၅)နာရီခွဲတွင် ဆွမ်းတော်ကြီး တင်လှူပွဲနှင့် အဘိဓမ္မာ အခါတော်နေ့ အခမ်းအနားကို ရှေးဟောင်း ရုပ်ပွားတော်များ တန်ဆောင်း၌ ကျင်းပပြီး နံနက်(၉)နာရီခွဲတွင် ဝါတွင်းသီလ ခံယူပွဲ ပိတ်ပွဲ အခမ်းအနားကို ကျင်းပကာ ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဖြင့် ဆက်ကပ် လှူဒါန်းကြသည်။
ဆူးလေစေတီတော်၌ ယနေ့နံနက်ပိုင်းတွင် စေတီတော်အား သစ်သီးဆွမ်းများ ဆက်ကပ် လှူဒါန်းပြီး ဝတ်အသင်း အဖွဲ့များက ဝတ်ရွတ်စဉ်များဖြင့် ရွတ်ဖတ် ပူဇော်ခြင်းတို့ကို ပြုလုပ်ကြကာ ညနေပိုင်းတွင် စေတီတော်အား ဆီမီးများဖြင့် ကပ်လှူ ပူဇော်ကြသည်။
ထို့အတူ ဗိုလ်တထောင် ကျိုက်ဒေးအပ် ဆံတော်ဦး စေတီတော်၌ ဂေါပကအဖွဲ့က ကြီးမှူး၍ ယနေ့ နံနက်ပိုင်းတွင် ဘာသာရေး အသင်းအဖွဲ့များက စေတီတော်အား ပန်း၊ ရေချမ်း၊ သစ်သီးဆွမ်းများ ကပ်လှူခြင်း၊ ဝတ်အသင်း အဖွဲ့များက ဝတ်ရွတ်စဉ်များဖြင့် ရွတ်ဖတ် ပူဇော်ခြင်း၊ စတုဒိသာ ကျွေးမွေးခြင်းများ ပြုကြပြီး မွန်းလွဲ ပိုင်းတွင် တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တသီရိန္ဒာဘိဝံသ (ယောဆရာတော်)က နိဗ္ဗာန်ရောက်ကြောင်း တရားတော်များကို ဟောကြား ချီးမြှင့်ကာ ညနေပိုင်းတွင် စေတီတော်အား ဆီမီးများ ထွန်းညှိ ပူဇော်ကြသည်။
အလားတူ သီရိမင်္ဂလာ ကမ္ဘာအေး စေတီတော်၌ ဂေါပကအဖွဲ့က ကြီးမှူး၍ မွန်းလွဲ (၁)နာရီတွင် သီတင်းကျွတ် လပြည့် အဘိဓမ္မာအခါတော်နေ့ ဓမ္မပူဇာမင်္ဂလာ အခမ်းအနားကို ကျင်းပပြီး ညပိုင်းတွင် ဝတ်အသင်း အဖွဲ့ ၂၁ ဖွဲ့က ရင်ပြင်တော် အပြည့် ဆီမီးများ ထွန်းညှိပူဇော်ကြသည်။
ဝရဒါဌာ ဓာတုစေတိယ စွယ်တော်မြတ် စေတီတော် (ရန်ကုန်)၌ ၁၇ ကြိမ်မြောက် အဘိဓမ္မာ အခါတော်နေ့ အခမ်းအနားကို ကျင်းပရာ နံနက်(၈)နာရီတွင် မာဂဓီသာစည် ဆရာတော်ကြီး၏ တပည့်များက အဘိဓမ္မာ အခါတော်နေ့ ရွတ်ဆိုဟောပြောမှုများ ပြုလုပ်ကြသည်။နံနက် (၉)နာရီခွဲတွင် စေတီတော် ဂေါပကအဖွဲ့ သြဝါဒစရိယ ကန်ဦးဇေတဝန် ဆရာတော်ထံမှ ရှစ်ပါးသီလ ဆောက်တည်ကြပြီး နံနက်(၁၁)နာရီတွင် ဝတ်အသင်း အဖွဲ့များက အဘိဓမ္မာ အခါတော်နေ့ ဝတ်ရွတ်စဉ်များဖြင့် ရွတ်ဆို ပူဇော်ကြကာ ညနေ(၆)နာရီတွင် စေတီတော် အရဟံ ရင်ပြင်၌ ဂေါပကအဖွဲ့က ကြီးမှူး၍ စွယ်တော်မြတ် စေတီတော် သာသနာ့ဝေယျာဝစ္စ အသင်းနှင့် မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များ အသင်းတို့ ပူးပေါင်း၍ ဆီမီး (၉ဝဝဝ) ထွန်းညှိပူဇော်ကြသည်။
မရမ်းကုန်း မြို့နယ်ရှိ သမိုင်းဝင် အပရာဇိတ ဆံတော်ရှင်ကျိုက်ဝိုင်းစေတီတော်၌ စေတီတော် ဂေါပက အဖွဲ့က ဦးဆောင်၍ ဘုရားသုံးဆူ တန်ဆောင်း၌ စေတီတော်အား အရုဏ်တက်တွင် သစ်သီးဆွမ်းများ ဆက်ကပ် လှူဒါန်းပြီး နံနက်(၇)နာရီတွင် အဘိဓမ္မာ အခါတော်နေ့ အခမ်း အနားကို အောင်ဓမ္မာရုံ၌ ကျင်းပသည်။
နံနက်(၁ဝ) နာရီခွဲတွင် သီလပေး တရားပွဲ ကျင်းပပြီး မွန်းလွဲ(၁)နာရီတွင် နိဗ္ဗာန် ရောက်ကြောင်း တရားပွဲများ ကျင်းပသည်။ စေတီတော်၏ ဆံတော်တွင်း၌ တစ်နှစ်တာ ကိန်းဝပ်စံပယ်လျက် ရှိသည့် မြတ်စွာဘုရား၏ ဓာတ်တော်များ၊ ရဟန္တာ ဓာတ်တော်များကို အများပြည်သူများ ဖူးမြော်ကြည်ညို နိုင်ရန် အောင်ဓမ္မာရုံ၌ အဖိတ်နေ့မှ လပြည့်ကျော် (၁)ရက်နေ့အထိ အပူဇော်ခံ ထားရှိမည်ဖြစ်သည်။ စေတီတော်အား တပို့တွဲလ၌ ကျင်းပမည့် ဘုရားပွဲတော် အမီ လုံးတော်ပြည့် ရွှေသင်္ကန်းများ ကပ်လှူသွားမည် ဖြစ်ကြောင်းလည်း သိရှိရသည်။
ရွှေဘုန်းပွင့် စေတီတော်၌ သီတင်းကျွတ် လပြည့်နေ့ အဘိဓမ္မာ အခါတော်နေ့ အထိမ်းအမှတ် အခမ်းအနားကို သီတင်းကျွတ် လဆန်း (၁၄)ရက်နေ့တွင် သာသနာဇောတိက ဓမ္မာရုံအတွင်း၌ ကျင်းပရာ ဝတ်အသင်း(၆)သင်းက အဘိဓမ္မာ အခါတော်နေ့ တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်းများ ပြုလုပ်ကြသည်။
သီတင်းကျွတ် လပြည့်နေ့ ယနေ့ နံနက်ပိုင်းတွင် စေတီတော် အတွင်းရှိ ကျောင်းတိုက်များမှ ဆရာတော်များက သီလပေးတရားနှင့် နိဗ္ဗာန်ရောက်ကြောင်း တရားများ ဟောကြား ချီးမြှင့်တော် မူခြင်း၊ မွန်းလွဲပိုင်းတွင် (၃၇)ကြိမ်မြောက် ပဝါရဏာပွဲ ကျင်းပခြင်း၊ ညနေပိုင်းတွင် ပါရမီရှင် ဝတ်အသင်းသား အသင်းသူများက အဘိဓမ္မာ အခါတော်နေ့ ဖြစ်ပေါ် လာပုံကို လျှောက်ထား ပူဇော်ခြင်း၊ ညပိုင်းတွင် ပန်းတစ်သောင်း၊ ဆီမီးတစ်သောင်း ထွန်းညှိ ပူဇော်ခြင်းများ ပြုလုပ်ကြသည်။
မဟာဝိဇယ စေတီတော်၌ (၂၂)ကြိမ်မြောက် ဆွမ်းတော်ကြီး ကပ်လှူပူဇော်ပွဲကို ယမန်နေ့မှ စတင်၍ ကျင်းပပြုလုပ်ခဲ့သည်။ ယနေ့ နံနက်ပိုင်းတွင် စေတီတော်အား ဆွမ်းတော်ကြီး ဆက်ကပ် လှူဒါန်းပြီး နံနက်ပိုင်းမှ စတင်၍ ဝတ်အသင်းအဖွဲ့များက ဝတ်ရွတ်စဉ်များဖြင့် အသံမစဲ ရွတ်ဖတ်ပူဇော်ကြကာ ညနေပိုင်းတွင် စေတီတော်အား ဆီမီး (၃ဝဝဝ)ဖြင့် ထွန်းညှိ ပူဇော်ကြသည်။
ထို့အတူ ရန်ကုန်မြို့ရှိ မယ်လမု စေတီတော်၊ ငါးထပ်ကြီး၊ ခြောက်ထပ်ကြီးနှင့် ကိုးထပ်ကြီး ဘုရားများ၊ မိုးကောင်း စေတီတော်၊ တွံတေးမြို့နယ်ရှိ ရွှေဆံတော် စေတီတော်၊ သန်လျင်မြို့နယ်ရှိ ကျိုက်ခေါက် စေတီတော်၊ ကျောက်တန်းမြို့နယ်ရှိ ကျိုက်မှော်ဝန်း ရေလယ်ဘုရား၊ ခရမ်းမြို့ရှိ သွန်းဘုရားကြီး၊ တောင်ဥက္ကလာပ မြို့နယ်ရှိ ဥက္ကလာပ စေတီတော်၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ သမိုင်းဝင် ကျိုက္ကစံ စေတီတော်၊ သာကေတ မြို့နယ်ရှိ ဇိနမာန် အောင်စေတီတော်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်ရှိ မြို့ဦးစေတီတော်၊ မင်္ဂလာဒုံမြို့နယ်ရှိ ကျိုက္ကလို့ ကျိုက္ကလဲ့ စေတီတော်များ၌ သီတင်းကျွတ်လပြည့် အဘိဓမ္မာ အခါတော်နေ့ အခမ်းအနားများ ကျင်းပကြပြီး ညပိုင်းတွင် ဘုရား စေတီများအား ရောင်စုံဆီမီးများ ထွန်းညှိ ပူဇော်ကြသည်

Thursday, March 13, 2014

ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ (၇)ရပ်ကွက်၊ တစ်ပိုင်တစ်နိုင်ဆွမ်းလောင်းဓမ္မာရုံ ယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲ





မြန်မာနိုင်ငံကလေးသူငယ်များအခွင့်အရေးဖွံ့ဖြိုးတိုးတက်ရေး ၂၄ ကြိမ်မြောက် ကမ္ဘာ့ကလေးသူငယ်များအခွင့်အရေးနေ့ အထိမ်းအမှတ်ပျော်ပွဲရွှင်ပွဲတွင် ကလေးငယ်များအား ညပိုင်းတွင် နိုင်ငံကျော်အဆိုတော်များမှ ဖျော်ဖြေကြစဉ်

တေးသံရှင် ရတနာမိုင်

တေးသံရှင် လင်းဇာနည်ဇော်

တေးသံရှင် ရတနာမိုင်


တေးသံရှင် ချောစုခင်

တေးသံရှင် ခိုင်မြဲသာ

တေးသံရှင် M ဆိုင်းလာ

တေးသံရှင် သံသာဝင်း

တေးသံရှင် စောဖိုးခွား









မြန်မာနိုင်ငံကလေးသူငယ်များအခွင့်အရေးဖွံ့ဖြိုးတိုးတက်ရေးကွန်ရက် ၂၄ ကြိမ်မြောက် ကမ္ဘာ့ကလေးသူငယ်များ အခွင့်အရေးနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲသို့ တက်ရောက်အားပေးစဉ်

အရှင် နေမိန္ဒ



ဗုဒ္ဓဂယာ ဘုရားဖူးကြွရောက်မည်

မာဂဓီ-သာစည် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၊ ပဓာနနာယက ကျောင်းအုပ်ဆရာတော်
အရှင်နေမိန္ဒသည်  ခမည်းတော် ဦးပဉ္စင်းကြီး  ဦးနန္ဒောဘာသ၊  ရဟန်းမယ်တော်ကြီး  ဒေါ်ဝင်ကြည်တို့နှင့်အတူ
ပေါ်ပြူလာစတား ဘုရားဖူးအဖွဲ့နှင့် အိန္ဒိယနိုင်ငံ ၊ ဂယာဒေသ၊ မြတ်ဘုရားပွင့်တော်မူရာဌာန မြေမြတ်မဟာသို့
ဘုရားဖူးခရီးစဉ်ကို (၁၅.၃.၂၀၁၄) စနေနေ့ နံနက် ၅ နာရီ လေကြောင်းလိုင်းဖြင့် ဘုရားဖူး သွားရောက်မည် ဖြစ်သည်။

ပထမဆုံး လေယာဉ်စီးဖူးခြင်း၊  ပထမဆုံးအခေါက်အဖြစ် ဗုဒ္ဓဂယာသို့ ရောက်ဖူးခြင်း ဖြစ်သည်။

“ဘုရားသို့မှန်း၊  ခြေတစ်လှမ်း၊  သိန်းသန်းမကထိုက်။
လှူသူဖူးသူ၊  ပေးဝေသူ၊  နတ်လူဘုံသို့ ဆိုက်။”

ပန်းသီးဖောင်ဒေးရှင်းအား လှိုက်လှဲစွာ ကျေးဇူးအထူးတင်ရှိပါသည်


မာဂဓီ-သာစည် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ဆရာဆရာမများ ချောင်းသာအပန်းဖြေကမ်းခြေတွင် ဒီဇင်ဘာကျောင်းအားလပ်ရက် အပန်းဖြေထွက်စဉ်က အမှတ်တရ