စေတနာတူ ၊ သဒ္ဓါတူ
ကူညီဝေမျှ ပရဟိတ။
ကြေးတိုင်စု(၂)လမ်း၊ ၁၃ ရပ်ကွက်၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ ph;၀၉ ၅၀ ၉၆၈၂၉
Tuesday, October 20, 2015
ဤကျောင်းဂုဏ်ကို ဆောင်ပါမည်
ဤကျောင်းဂုဏ်ကို ဆောင်ပါမည်
ညီညွတ်ကြစွာ နေထိုင်ကာဖြင့် ဤကျောင်းဂုဏကို ဆောင်ပါမည်။
စာသံပေသံ ကြိုးစားအံ၍ ဤကျောင်းဂုဏ်ကို ဆောင်ပါမည်။
ခိုက်ရန်ဒေါသ မဖြစ်ကြဘဲ ဤကျောင်းဂုဏ်ကို ဆောင်ပါမည်။
စည်းကမ်းစည်းမျဉ်း လိုက်နာခြင်းဖြင့် ဤကျောင်းဂုဏ်ကို ဆောင်ပါမည်။
Friday, October 16, 2015
နှစ်ထပ်ကျောင်းဆောင်သစ်အလှူတော်
မာဂဓီ-သာစည် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၏ ထူးခြားတိုးတက်မှု
တွင် ပေ ၉၀X၂၇ ပေ နှစ်ထပ်ဆောင် ဆောက်လုပ်လှူဒါန်းခြင်းပင် ဖြစ်သည်။
အလှူရှင်မှ ထိုင်ဝမ်နိုင်ငံမှ မစ္စတာ ချူအင်လောင်းနှင့် စေတနာရှင်များဖြစ်ပြီး
မြန်မာနိုင်ငံမှ ပန်းသီးဖောင်ဒေးရှင်း ဦးဇော်လတ် တို့မှ ဦးဆောင်လှူဒါန်းခဲ့ခြင်း
ဖြစ်သည်။
ကျောင်းဆောင်ဖြစ်မြောက်အလှူခံခွင့်ရရှိရန် ပန်းသီးဖောင်ဒေးရှင်းမှ ဒေါ်ယဉ်
ယဉ်ငြိမ်းနှင့် ပန်းသီးဖောင်ဒေးရှင်းမိသားစုအားလုံးတို့အား မာဂဓီသာစည်
ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၏ သမိုင်းတွင် အမှတ်ထင်ထင် တင်ကျန်နေတော့မည် ဖြစ်ပါသည်။
ရေဘေးကုသိုလ်
2015 တွင် မြန်မာနိုင်ငံအရပ်ရပ်တွင် ရေဘေးများဖြစ်ပွားခဲ့ရာ မာဂဓီသာစည်
ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ပဓာနနာယကကျောင်းအုပ်ဆရာတော်
ဦးဆောင်သော စေတနာရှင်ကုသိုလ်ရှင်များက မကွေးဒေသ၊ ထိန်တော၊မိုးညို
ဒေသ၊ သာယာဝတီဒေသ၊ ညောင်တုန်းဒေသ၊ ဇလွန်ဒေသ၊ သာပေါင်းဒေသ
စသည့်ဒေသများသို့ အခေါက်ရေများစွာ သွားရောက်လှူဒါန်းခဲ့ပါသည်။
ထိုသို့သွားရောက်လှူဒါန်းခဲ့မှုသတင်းကို ၂၀၁၅ စက်တင်ဘာ ၇ ရက်နေ့က
ကြေးမုံသတင်းစာတွင် ဖော်ပြခဲ့မှုလေးအား မှတ်တမ်းပြုအပ်ပါသည်။

Sunday, November 30, 2014
မြန်မာနိုင်ငံကလေးသူငယ်များအခွင့်အရေးဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်
Subscribe to:
Comments (Atom)