ကြေးတိုင်စု(၂)လမ်း၊ ၁၃ ရပ်ကွက်၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ ph;၀၉ ၅၀ ၉၆၈၂၉
Thursday, March 13, 2014
မြန်မာနိုင်ငံကလေးသူငယ်များအခွင့်အရေးဖွံ့ဖြိုးတိုးတက်ရေး ၂၄ ကြိမ်မြောက် ကမ္ဘာ့ကလေးသူငယ်များအခွင့်အရေးနေ့ အထိမ်းအမှတ်ပျော်ပွဲရွှင်ပွဲတွင် ကလေးငယ်များအား ညပိုင်းတွင် နိုင်ငံကျော်အဆိုတော်များမှ ဖျော်ဖြေကြစဉ်
ဗုဒ္ဓဂယာ ဘုရားဖူးကြွရောက်မည်
မာဂဓီ-သာစည် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၊ ပဓာနနာယက ကျောင်းအုပ်ဆရာတော်
အရှင်နေမိန္ဒသည် ခမည်းတော် ဦးပဉ္စင်းကြီး ဦးနန္ဒောဘာသ၊ ရဟန်းမယ်တော်ကြီး ဒေါ်ဝင်ကြည်တို့နှင့်အတူ
ပေါ်ပြူလာစတား ဘုရားဖူးအဖွဲ့နှင့် အိန္ဒိယနိုင်ငံ ၊ ဂယာဒေသ၊ မြတ်ဘုရားပွင့်တော်မူရာဌာန မြေမြတ်မဟာသို့
ဘုရားဖူးခရီးစဉ်ကို (၁၅.၃.၂၀၁၄) စနေနေ့ နံနက် ၅ နာရီ လေကြောင်းလိုင်းဖြင့် ဘုရားဖူး သွားရောက်မည် ဖြစ်သည်။
ပထမဆုံး လေယာဉ်စီးဖူးခြင်း၊ ပထမဆုံးအခေါက်အဖြစ် ဗုဒ္ဓဂယာသို့ ရောက်ဖူးခြင်း ဖြစ်သည်။
“ဘုရားသို့မှန်း၊ ခြေတစ်လှမ်း၊ သိန်းသန်းမကထိုက်။
လှူသူဖူးသူ၊ ပေးဝေသူ၊ နတ်လူဘုံသို့ ဆိုက်။”
ဘယ်ခါဆယ်၍ ရမလဲ
ငါသာလျှင်တော် ၊ သူမတော်
လူတော်ထင်ပါ ၊ တို့မြန်မာ
ဘယ်ခါဆယ်၍ ရမလဲ။
ငါသာလျှင်ကောင်း ၊ သူမကောင်း
အကောင်းထင်ပါ ၊ တို့မြန်မာ
ဘယ်ခါဆယ်၍ ရမလဲ။
အကောင်းဆိုးထင် ၊ ဆိုးကောင်းထင်
အထင်လွဲပါ ၊ တို့မြန်မာ
ဘယ်ခါဆယ်၍ ၊ ရမလဲ။
ကြွားရင်းနှင့်နစ် ၊ ၀ါရင်းနစ်
နစ်လျက်နေပါ ၊ တို့မြန်မာ
ဘယ်ခါဆယ်၍ ၊ ရမလဲ။
သူ့ကိုငါငြိုး ၊ ငါ့သူငြိုး
အငြိုးကြီးပါ ၊ တို့မြန်မာ
ဘယ်ခါဆယ်၍ ၊ ရမလဲ။
ငြီး၍မပြီး ၊ ငြူမပြီးဘူး
အပြီးတကာ ၊ လုပ်နိုင်ပါအောင်
နောက်နောင်အဖို့ ၊ နိုးကြထကြ
သားမြေးတို့တွက် ၊ ကြိုးစားကြ။ ။
နေပြည်တော် သို့ ဘုရားဖူး ရောက်ခဲ့(၃.၃.၁၄)
Subscribe to:
Comments (Atom)



























