ငါသာလျှင်တော် ၊ သူမတော်
လူတော်ထင်ပါ ၊ တို့မြန်မာ
ဘယ်ခါဆယ်၍ ရမလဲ။
ငါသာလျှင်ကောင်း ၊ သူမကောင်း
အကောင်းထင်ပါ ၊ တို့မြန်မာ
ဘယ်ခါဆယ်၍ ရမလဲ။
အကောင်းဆိုးထင် ၊ ဆိုးကောင်းထင်
အထင်လွဲပါ ၊ တို့မြန်မာ
ဘယ်ခါဆယ်၍ ၊ ရမလဲ။
ကြွားရင်းနှင့်နစ် ၊ ၀ါရင်းနစ်
နစ်လျက်နေပါ ၊ တို့မြန်မာ
ဘယ်ခါဆယ်၍ ၊ ရမလဲ။
သူ့ကိုငါငြိုး ၊ ငါ့သူငြိုး
အငြိုးကြီးပါ ၊ တို့မြန်မာ
ဘယ်ခါဆယ်၍ ၊ ရမလဲ။
ငြီး၍မပြီး ၊ ငြူမပြီးဘူး
အပြီးတကာ ၊ လုပ်နိုင်ပါအောင်
နောက်နောင်အဖို့ ၊ နိုးကြထကြ
သားမြေးတို့တွက် ၊ ကြိုးစားကြ။ ။
No comments:
Post a Comment